Posts
Scooby-Doo! The Sword and the Scoob (2021)
- Get link
- X
- Other Apps
2021 ရဲ့ Scooby Doo ဇာတ်လမ်းလေးလာပါပြီ။အားလုံးသိကြတဲ့အတိုင်း Scooby Doo ဇာတ်လမ်းတွေဆိုတာ animation ဆိုပေမယ့်လည်းAction တွေ Adventure တွေနဲ့ ခေလှတဲ့ ဇာတ်လမ်းတော့မဟုတ်ပါ။အခုထွက်ရှိလာတဲ့ ဇာတ်လမ်းမှာတော့ Scooby တို့ အဖွဲ့ဟာ အင်္ဂလန်က နော်ဗယ်လ်အော မော်ဂါးနီးယားဆိုတဲ့ ဒေသကို သွားရင်း လျှို့ဝှက်ဆန်းကြယ်တဲ့ အဖြစ်တွေနဲ့ ကြုံခဲ့ရပါတယ်။မှော်ပညာတွေနဲ့ ပြည့်နက်နေတဲ့မြို့ကို ရောက်သွားတဲ့ Scooby တို့ အုပ်စု မော်ဂန်ဆိုတဲ့စုန်းမလက်ချက်နဲ့ အာသာဘုရင်အုပ်စိုးခဲ့တဲ့ ခေတ်ကိုရောက်သွားပြီး ပြဿနာတွေ ဖြေရှင်းကြတော့မှာပါ။မာလင်တို့ခေတ်က အကြောင်းတွေပါတော့ မာလင်ကြိုက်သူကာတွန်းဖန်တို့အတွက်လည်း အဆင်ပြေပါလိမ့်မယ်။ Link - DOWNLOAD Credit
Sentinelle (2021)
- Get link
- X
- Other Apps
ဒီတစ်ခါတော့ အမျိုးသမီး ဂျွန်ဝစ်ခ် အကြောင်းပေါ့ဗျာ။ မင်းသမီးကတော့ 007 Quantum of Solace, Hitman, Johnny English 3 စတဲ့အမိုက်စားကားတွေမှာပါခဲ့ဖူးတဲ့ ပြင်သစ်မင်းသမီး Olga Kurylenko က အဓိကဇာတ်ကောင်အဖြစ် ပါဝင်ထားတဲ့ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဒီလိုပါ။ ကလယ်ရာ ဟာ ကင်းစောင့်စစ်ဆင်ရေးမှာ တာဝန်ကျတဲ့ အထူးတပ်သားတစ်ယောက်ဖြစ်ပါတယ်။ နိုင်ငံရပ်ခြားကစစ်ဆင်ရေးမှာ အဖြစ်ဆိုးကြီးတစ်ခုကြောင့် စိတ်ဒဏ်ရာရခဲ့ပြီး အမေနဲ့ညီမ ရှိတဲ့ မိမိနေထိုင်ရာပြင်သစ်ကို ရွှေ့ပြောင်းခံခဲ့ရပါတယ်။ ညီမဖြစ်သူ တာနီယာနဲ့အတူ ကလပ်တက်ခဲ့ပြီး နောက်တစ်နေ့မှာ တာနီယာဟာအဓမ္မပြုကျင့်ခံခဲ့ရတာကို စိတ်ပျက်ဝမ်းနည်းစွာသိလိုက်ရပါတယ်။ နိုက်ကလပ်ရဲ့လုံခြုံရေးဗီဒီယိုကတစ်ဆင့် သူ့ညီမတာနီယာဟာ ရုရှားအမျိုးသားတစ်ယောက်နဲ့ နောက်ဆုံးထွက်သွားခဲ့တာတွေ့လိုက်ရပြီး ထိုအမျိုးသားရဲ့ဖခင်ဟာ အရှိန်အဝါကြီးတဲ့ နည်းပညာရှင်တစ်ယောက်ဖြစ်နေလို့ ဥပဒေရစုံစမ်းစစ်ဆေးဖို့အခက်တွေ့နေတဲ့အခါ ကလယ်ရာဟာ ...